This is a printer friendly version

Search:

by keyword or phrase:

Go to:

Bible reference:

Translations:

Preferred Translations

  • Preferred Translations can be selected from the preferences tab

All Translations

Extra context verses: 0

john 1:1 (Table III)

Eusebian Number

1.1 3.14 4.1 4.3 4.5
Matt.1.1-16 Luke.3.23-38 John.1.1-5 John.1.9-10 John.1.14
1အာဘရာဟံ၏သားနှင့် ဒါဝိဒ်၏သားဖြစ်တော်မူသော ယေဇူးခရစ်တော်၏ဆွေတော်စဉ်မျိုး တော်ဆက်ကားဤသို့ဖြစ် သတည်း။ 2အာဘရာဟံ၏သား အီဇတ်၊ အီဇတ်၏သား ယာ ကုပ်၊ ယာကုပ်၏သားများမှာ ဂျုဒနှင့် ညီအစ်ကိုတစ်စုတို့ ဖြစ်ကြ၏။- 3ဂျုဒတွင် တာမာမှဖွားမြင်သောသား ပေရက် နှင့် ဇာရ၊ ပေရက်၏သား ဟေဇရွန်၊ ဟေဇရွန်၏သား 4အာ ရမ်၊- အာရမ် ၏သား အာမိနာဒဗ်၊ အာမိနာဒဗ်၏သား 5နာရွှန်၊ နာရွှန်၏သား ဆာလမွန်၊- ဆာလမွန်တွင် ရာဟပ် မှဖွားမြင်သောသား ဘို့ဇ်၊ ဘို့ဇ် တွင် ရုသမှဖွားမြင်သော 6သား အိုဘက်၊ အိုဘက်၏သား ဂျက်ဆေ၊- ဂျက်ဆေ၏ သားကား ဒါဝိဒ်မင်းကြီး ဖြစ်သတည်း။ ဒါဝိဒ်မင်းကြီးတွင် ဥရိယ၏ဇနီးဖြစ်ခဲ့ဖူးသည့်မိန်းမမှ ဖြစ် ကြ၏။- 7ဖွားမြင်သောသား ဆောလမွန်၊- ဆောလမွန်၏သား ရေဟိုးဘိုအမ်၊ ရေဟိုးဘိုအမ်၏သား အာဘီဂျ၊ အာဘီဂျ၏သား အာဆ၊- 8အာဆ၏သား ဂျေဟိုးရှဖတ်၊ ဂျေဟိုးရှဖတ်၏သား ဂျော်ရမ်၊ ဂျော်ရမ်၏သား ဦဇီယ၊- 9ဦဇီယ၏ သား ဂျိုသမ်၊ ဂျိုသမ်၏သား အာဟဇ်၊ အာဟဇ်၏သား ဟေဇက္ကိယ၊- 10ဟေဇက္ကိယ၏သား မာနားဆေ၊ မာနား 11ဆေ၏သား အာမော့၊ အာမော့၏သား ဂျိုစီယ၊- ဂျိုစီယ၏ သား ဂျေကိုးနိယနှင့် သူ၏ညီအစ်ကိုတစ်စုတို့မှာ ဘာဘီ လွန်ပြည်သို့ အကျဉ်းသားအဖြစ်ခေါ်ဆောင်သွားခြင်းခံရ မည့်ဆဲဆဲအချိန်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်၏။ 12ဘာဘီလွန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံ ရပြီးနောက်၊ ဂျေကိုးနိယ၏သား ရှီအာတီအဲလ်၊ ရှီအာတီအဲလ်၏သား ဇေရုဘာဘဲလ်၊- 13ဇေရုဘာဘဲလ်၏သား အာဘီယု၊ အာဘီယု၏သား ဧလိယကိမ်၊ ဧလိယကိမ်၏ သား အာဇော်၊- 14အာဇော်၏သား ဇာဒေါ့၊ ဇာဒေါ့၏သား အာခိမ်၊ အာခိမ်၏သား ဧလိယု၊- 15ဧလိယု၏သား ဧလိ ယဇာ၊ ဧလိယဇာ၏သား မာသန်၊ မာသန်၏သား ယာ 16ကုပ်၊- ယာကုပ်၏သားသည်ကား မာရိယာ၏ခင်ပွန်း ဖြစ်သောဂျိုးဇက်ပေတည်း။ မာရိယာမှ ခရစ်တော် ဟု ခေါ်ဝေါ် ခြင်းခံ ရသော ယေဇူးဖွားမြင်လာလေ၏။ 23ယေဇူးသည် သူ၏တရားတော်ကို စတင်ဟောပြော သွန်သင်တော်မူသောအချိန်၌ အသက်သုံးဆယ်ရှိပြီဖြစ်၏။ လူတို့သည် ကိုယ်တော့်ကို ဂျိုးဇက်၏သားဟူ၍ လက်ခံထားကြ၏။ ဂျိုးဇက်သည် ဟေလိ၏သား၊- 24ဟေလိသည် မာသတ်၏သား၊ မာသတ်သည် လေဝိ၏သား၊ လေဝိသည် မေလခိ၏သား၊ မေလခိသည် ဂျန်နိုင်၏သား၊ ဂျန်နိုင်သည် ဂျိုးဇက်၏သား၊- 25ဂျိုးဇက်သည် မာတာသိယ၏သား၊ မာတာသိယသည် အာမော့၏သား၊ အာမော့သည် နာဟုမ်၏သား၊ နာဟုမ်သည် ဧစလိ၏သား၊ ဧစလိသည် နဂ္ဂဲ၏သား၊- 26နဂ္ဂဲသည် မာသ၏သား၊ မာသသည် မာတာသိယ၏သား၊ မာတာသိယသည် ဆေမိန်၏သား၊ ဆေမိန်သည် ဂျိုဆက်၏သား၊ ဂျိုဆက်သည် ဂျိုဒ၏သား၊- 27ဂျိုဒသည် ဂျိုအာနာ၏သား၊ ဂျိုအာနာသည် ရေဇာ၏သား၊ ရေဇာသည် ဇေရုဘာဘဲလ်၏သား၊ ဇေရုဘာဘဲလ်သည် ရှီအာတီအဲလ်၏သား၊ ရှီအာတီအဲလ်သည် နေရီ၏ သား၊- 28နေရီသည် မေလခိ၏သား၊ မေလခိသည် အဒ္ဒီ၏သား၊ အဒ္ဒီသည် ကိုဆမ်၏သား၊ ကိုဆမ်သည် အဲလ်မဒမ်၏သား၊ အဲလ်မဒမ်သည် ဧရ၏သား၊- 29ဧရသည် ဂျိုဆွာ၏သား၊ ဂျိုဆွာသည် ဧလိအဲဇာ၏သား၊ ဧလိအဲဇာသည် ဂျော်ရိမ်၏သား၊ ဂျော်ရိမ်သည် မာသတ်၏သား၊ မာသတ်သည် လေဝိ၏သား၊- 30လေဝိသည် စီမေအွန်၏သား၊ စီမေအွန်သည် ဂျုဒ၏သား၊ ဂျုဒသည် ဂျိုးဇက်၏သား၊ ဂျိုးဇက်သည် ဂျိုနမ်၏သား၊ ဂျိုနမ်သည် ဧလိယကိမ်၏ သား၊- 31ဧလိယကိမ်သည် မေလိယာ၏သား၊ မေလိယာသည် မဲနာ၏သား၊ မဲနာသည် မတ္တသာ၏သား၊ မတ္တသာသည် နာသန်၏သား၊ နာသန်သည် ဒါဝိဒ်၏သား၊- 32ဒါဝိဒ်သည် ဂျက်ဆေ၏သား၊ ဂျက်ဆေသည် အိုဘက်၏သား၊ အိုဘက်သည် ဘို့ဇ်၏သား၊ ဘို့ဇ်သည် ဆာလမွန်၏သား၊ ဆာလမွန်သည် နာရွှန်၏သား၊- 33နာရွှန်သည် အာမိနာဒဗ် ၏သား၊ အာမိနာဒဗ်သည် အဒ်မင်၏သား၊ အဒ်မင်သည် အာနီ၏သား၊ အာနီသည် ဟေဇရွန်၏သား၊ ဟေဇရွန်သည် ပေရက်၏သား၊ ပေရက်သည် ဂျုဒ၏သား၊- 34ဂျုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် အီဇတ်၏သား၊ အီဇတ်သည် အာဘရာဟံ၏သား၊ အာဘရာဟံသည် တေရ၏သား၊ တေရသည် နာဟော်၏သား၊- 35နာဟော်သည် ဆေရု၏သား၊ ဆေရုသည် ရီဥ၏သား၊ ရီဥသည် ပေလက်၏သား၊ ပေလက်သည် ဟေဘာ၏သား၊ ဟေ ဘာသည် စာလ၏သား၊- 36စာလသည် ကိန္နန်၏သား၊ ကိန္နန်သည် အာဖာဇတ်၏သား၊ အာဖာဇတ်သည် ဆမ်၏သား၊ ဆမ်သည် နောဧ၏သား၊ နောဧသည် လာမက်၏သား၊- 37လာမက်သည် မေသုဆေလ၏သား၊ မေသုဆေလသည် ဧနော့၏သား၊ ဧနော့သည် ဂျာရက်၏သား၊ ဂျာရက်သည် မဟာလာလီအဲလ်၏သား၊ မဟာလာလီ အဲလ်သည် ကိန္နန်၏သား၊- 38ကိန္နန်သည် ဧနော့စ်၏သား၊ ဧနော့စ်သည် ဆက်သ်၏သား၊ ဆက်သ်သည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သား ဖြစ်သတည်း။ 1အစဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- 2ကိုယ်တော်သည် အစဦးကပင် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။- 3ကိုယ်တော်အားဖြင့် အရာခပ်သိမ်းတို့သည် ဖြစ်ပေါ်လာခဲ့ကြ၏။ ကိုယ်တော်နှင့်ကင်း၍ ဖြစ်လာသောအရာ တစ်စုံတစ်ခု မျှမရှိခဲ့ချေ။- 4ကိုယ်တော်၌ အသက်တည်ရှိ၍ အသက်သည် လူတို့၏အလင်းဖြစ်၏။- 5အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။ 9လူအပေါင်းတို့အား ဉာဏ်အလင်းပေးသည့် စစ်မှန်သော အလင်းတော်သည်ကား ကမ္ဘာလောကအတွင်းသို့ ကြွလာမည်ဖြစ်၏။ 10ကိုယ်တော်သည် ကမ္ဘာလောကတွင် ရှိတော်မူပြီး ဖြစ်၍ ကမ္ဘာလောကသည် ကိုယ်တော်အားဖြင့် ဖြစ်ပေါ် လာ၏။ သို့သော်လည်း ကမ္ဘာလောကသည် ကိုယ်တော့် ကို မသိချေ။- 14နှုတ်တော်ထွက်စကားသည်လည်း လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့အလယ်တွင် စံပယ်တော်မူလေ၏။ ငါတို့သည် ကျေးဇူးတော်နှင့် သမ္မာတရားတို့ဖြင့် ပြည့်စုံလျက်ရှိသော ကိုယ်တော်၏ဘုန်းတော်ကို ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်အဖြစ် ဖူးမြင်ကြရလေပြီ။